HR Blueprint Program
by Panellist Business Services
ဝန်ထမ်းရေးရာဌာနကို စနစ်ကျစွာ ဖွဲ့စည်းတည်ဆောက်ပြီး စီမံခန့်ခွဲအုပ်ချုပ်နိုင်စေရန် လက်တွေ့အကောင်အထည်ဖော်ပေးသော ပြီးပြည့်စုံတဲ့ HR Program ဖြစ်ပါတယ်။
ကုမ္ပဏီအတွင်း ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းရေးရာဌာနရဲ့နေ့စဉ်လည်ပတ်နေရတဲ့ အခြေခံလုပ်ငန်းဆောင်တာများကို စနစ်တကျ တိုးတက်မှုရှိလာစေရန် ရည်ရွယ်ပါသည်။
enroll now
လူကြီးမင်းရဲ့ ကုမ္ပဏီအတွင်းမှာ ဝန်ထမ်းရေးရာနဲ့ ပတ်သက်လို့ -
လုပ်ငန်းရှင် သို့မဟုတ် HR စီမံအုပ်ချုပ် ခန့်ခွဲသူတစ်ယောက်အနေနဲ့ ဝန်ထမ်းရွေးချယ်ခန့်အပ်တဲ့နေရာမှာ လူမှန်၊ နေရာမှန်ဖြစ်စေဖို့နှင့် ကုမ္ပဏီအတွင်းမှာ ရှိပြီးသားဝန်ထမ်းကောင်းတွေ မထွက်သွားအောင် ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ အခက်အခဲ ဖြစ်နေပါသလား?
စည်းကမ်း စည်းမျဉ်းနဲ့ မူဝါဒတွေရှိပေမယ့်လည်း လက်ရှိအလေ့အကျင့်တွေက အလုပ်သမားဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ ဝန်ထမ်းများကလိုက်နာမှုမရှိခြင်းတို့ကြောင့် ညတိုင်းအိပ်မပျော်နိုင်ဖြစ်နေပါသလား?
HR Policy ကို အကူအညီမရှိဘဲ ကိုယ်တိုင်ရေးဆွဲနေရပြီး ဝန်ထမ်းတွေကြား ပဋိပက္ခတွေကိုကိုယ်တိုင်ပါဝင် ဖြေရှင်းနေရတာတွေကြောင့် ကုမ္ပဏီရဲ့ ဦးတည်ချက် ပန်းတိုင်တွေဆီ အရောက်သွားဖို့ နှောင့်နှေးနေပါသလား?
လစာနဲ့ ခံစားခွင့်တွေကို သင့်တင့်လျောက်ပတ်အောင် သတ်မှတ်နိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာအောင် ပြုလုပ်ပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလား။
ရှင်းလင်းတိကျမှုမရှိတဲ့ အလုပ်တာဝန် (Job Description) တွေက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ သက်ရောက်မှုရှိနေတယ်ဆိုတာ သိပါသလား။ ရှင်းလင်းတိကျမှုမရှိခြင်းရဲ့ နောက်ဆက်တွဲကနေ တာဝန်ယူမှု တာဝန်ခံမှု အားနည်းမှုတွေကြောင့် အလုပ်ခွင်အငြင်းပွါးခြင်း မသင့်မြတ်ခြင်းများနှင့် အလုပ်ရလဒ်တွေကျဆင်းနေပါသလား
ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်မှုမရှိခြင်း၊ မလိုလားအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြောင်းလဲမှုတွေ
လုပ်ခဲ့ခြင်းတို့ကြောင့် ကုန်ကျစရိတ်များနေပြီး အလုပ်ပြီးမြောက်မှုမှာ ထိရောက်မှုမရှိခြင်းတို့ကြုံတွေ့နေရပါသလား
ဝန်ထမ်းရေးရာရဲ့ နိစ္စဓူဝကိစ္စရပ်များအတွက်သာ အချိန်ပေးနေရပြီး ကုမ္ပဏီရဲ့ ရေရှည်ဦးတည်ချက်အတွက် ထောက်ပံ့ပေးနိုင်မယ့် HR ဗျူဟာတွေ ရေးဆွဲအကောင်အထည်ဖော်နိုင်ဖို့ အချိန်မပေးနိုင်ဘဲ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရပါသလား?
ဒါဆိုရင်တော့ HR Blueprint Programဟာ လူကြီးမင်းရဲ့ အမှန်ကန်ဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ကို ထိရောက်စွာနှင့် အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ခြင်းဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို မဟာဗျူဟာမြောက်စွာ တိုးတက်အောင် ဆောင်ရွက် နိုင်ဖို့အတွက် အလွန်အရေးကြီးတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ လုပ်ငန်း စတင် လုပ်ကိုင်တဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းပိုင်ရှင်များအနေနဲ့ အခန်းကဏ္ဍ အားလုံးကို လစ်ဟင်းမှုမရှိအောင် ဦးစီးဆောင်ရွက်နိုင်ပေမယ့်လည်း လုပ်ငန်းကြီး ထွားလာတာနဲ့အမျှ ဝန်ထမ်းရေးရာ အခက်အခဲများနှင့် စီးပွားရေးလုပ်ငန်း၏ အဓိကကဏ္ဍများကို တပြိုင်တည်း ကိုယ်တွယ်ဖြေရှင်းလုပ်ဆောင်ရာတွင် အခက် အခဲများ ရှိလာနိုင်ပါတယ်။ ကိုင်တွယ်ဖြေရှင်းမှုတွေ များလာရတဲ့ အတွက်ကြောင့် ကိုယ်ပိုင်အချိန်စီမံခန့်ခွဲရာတွင်လည်း အခက်အခဲများ ရှိလာတတ်ပါတယ်။
လုပ်ငန်းအစမှာ လုပ်ငန်းကို မိမိက ပိုင်နိုင်သော်လည်း တဖြည်းဖြည်းနဲ့ လုပ်ငန်းက မိမိကို ပိုင်စိုးလာပြီး လွတ်လပ်မှု ဆုံးရှုံးတာမျိုးဖြစ်တတ်ပါတယ်။ ထို့အပြင် ယခု ကဲ့သို့လုပ်ငန်းကြီးထွားလာသည့်အချိန်တွင် လုပ်ငန်းပိုင်ရှင်များအနေဖြင့် ၀န်ထမ်း ရေးရာဖြေရှင်းရေးထက် အဖွဲ့အစည်းကြီးတစ်ခုလုံး၏ ရည်မှန်းချက်များ ပြည့်မီ ရေး၊ ရေရှည်တိုးတက်သွားရေး အစရှိတဲ့ အခန်းကဏ္ဍများကို အားစိုက်ဖို့ ကလည်း ပိုမိုအရေးကြီးလာ ပါတယ်။ ယခုကဲ့သို့အချိန်မျိုးတွင် ၀န်ထမ်းရေးရာ ကိစ္စရပ်များ ဖြေရှင်းနိုင်ရန်အတွက် ကုမ္ပဏီရဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမည့် HRဌာနကို မဖြစ်မနေ စနစ်တကျ ဖွဲ့စည်းဖို့ လိုအပ်နေပါပြီ။ စီးပွားရေး လုပ်ငန်းတစ်ခု ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ ၊ ၀န်ထမ်းကောင်းတွေကို ရေရှည်ထိန်းထားနိုင်ဖို့ ထိရောက်တဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုက မရှိမဖြစ် လိုအပ်ပါတယ်။
ဒါဆိုရင် ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်ကစရမလဲ? ဒီလို အခက်အခဲတွေကို လက်တွေ့ကျကျ ယုံကြည်မှုရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် Panellist Business Services ရဲ့ HR Blueprint Program က အသင့်ရှိနေပါတယ်။
enroll now
HR Blueprint Progam
ဆိုတာဘာလဲ?
HR Blueprint Programဆိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၀န်ထမ်းရေးရာ စီမံအုပ်ချုပ်သော လူကြီးမင်းများအတွက် စနစ်ကျသော HR ဌာနတစ်ခု ဖွဲ့စည်း တည်ဆောက်နိုင်ရန် Online ကနေတစ်ဆင့် ညွှန်ကြားပြသပေးပြီး လက်တွဲ အကောင်အထည်ဖော်ပေးတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
၀န်ထမ်းရေးရာစီမံခန့်ခွဲမှုများအား အခက်အခဲမရှိ ဖြေရှင်းနိုင်ရန် လက်တွေ့ကျတဲ့ လမ်းညွှန်ချက်များအား ရှင်းပြထားတဲ့ ဗီဒီယိုများ၊ HR နှင့်သက်ဆိုင်သော စာရွက်စာတမ်းများ၊ လုပ်ငန်းစဉ်များကို အပတ်စဉ် Zoomမှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ပြီး ပံ့ပိုးပေးမှာဖြစ်ပါတယ်။ လမ်းညွှန်Videoများကို၂၄နာရီ ၇ရက်လုံး အချိန်မရွေး ကြည့်ရှုနိုင်ပြီး လက်တွေ့ပြုလုပ်နိုင်စေရန် စနစ်တကျ စီစဉ်ထားပါတယ်။
လမ်းညွှန်ချက်များအား မိမိ၏လုပ်ငန်းခွင်တွင် ပြန်လည် အကောင်အထည် ဖော်သည့်အချိန်တွင်လည်း အခက်အခဲတစ်စုံတစ်ရာရှိလာပါက ဖုန်း နှင့် Emailမှ တဆင့် ဆက်သွယ်မေးမြန်း အသုံးပြုရလွယ်ကူထိရောက်သော ဝန်ဆောင်မှု ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပေါ်နေသော ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြုလုပ်ပေးထား ပါတယ်။ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်များကြောင့် ကြုံတွေ့လာနိူင်သည့် စိန်ခေါ်မှုအသစ်များကို ဖြေရှင်းကျော်လွှားနိုင်စေရန် Panellist Business Services မှ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် HR Blueprint Program ကိုဖန်တီးပေးလိုက်ပါတယ်။
Programမှာပါဝင်မယ့် HR Practice များကို လက်တွေ့အသုံးချခြင်းဖြင့် အလုပ်ခွင်အတွင်း နေ့စဉ်ကြုံတွေ့နေရတဲ့ -
HR Blueprint Program ပြီးဆုံးတဲ့အခါ ဘာတွေရရှိမှာလဲ?
ဝန်ထမ်းနှင့် အလုပ်ရှင်ကြား ပွင့်လင်းမြင်သာပြီး နှစ်ဦးနှစ်ဖက်အတွက် မျှတသော လုပ်ငန်းခွင် အလေ့အကျင့်များကို သိရှိနားလည်ပြီး ကျင်သုံး လာနိုင်ခြင်း
အလုပ်သမားဥပဒေနှင့်ကိုက်ညီသော အလေ့အကျင့်များ၊ မူဝါဒများနှင့် လိုအပ်သော စာရွက်စာတမ်းများကို အသုံးပြုလာနိုင်ခြင်း
လစာတွက်ချက်မှုဆိုင်ရာ စံသတ်မှတ်ချက်ပုံစံများ ရေးဆွဲပြီး လက်တွေ့ကျင့်သုံးလာနိုင်ခြင်း
ထိရောက်မှုရှိပြီး စနစ်ကျသော ဝန်ထမ်းရွေးချယ် ခန့်အပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကျင့်သုံး လာနိုင်ခြင်း
HR မူဝါဒများ ချမှတ်ခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် ဝန်ထမ်းများအားလုံးကို လိုက်နာကျင့်သုံးစေခြင်း
HR ဌာနအတွင်း လုပ်ဆောင်ရမယ် Standard Operation Procedure များနှင့် ရင်းနှီးမှုရှိလာပြီး မိမိကုမ္ပဏီနှင့် ကိုက်ညီမှုရှိသော လုပ်ထုံးလုပ်နည်း များကို အကောင်အထည်ဖော်နိုင်ခြင်း၊ ထိန်းသိမ်း ထားနိုင်ခြင်း
ရာထူးအဆင့်များ နှင့် လစာနှုန်းထားများသတ်မှတ်ခြင်း၊ ညှိနှိုင်းခြင်း
စွမ်းဆောင်ရည်များ စိစစ်အကဲဖြတ်သော လုပ်ငန်းစဉ် အဆင့်ဆင့်များနှင့်အတူ စွမ်းဆောင်ရည် တိုးမြှင့်ခြင်း စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များ ကျင့်သုံးလာနိုင်ခြင်း
ရာထူးအလိုက်ရှင်းလင်းတိကျသော လုပ်ငန်းတာဝန်များ (Job Description)များ သတ်မှတ်ရေးသားပြီး ဝန်ထမ်းများအား အသိပေးခြင်း၊ လုပ်ဆောင်စေခြင်း၊ လိုအပ်သော ကျွမ်းကျင်မှုပိုင်းပံ့ပိုးခြင်း လုပ်ဆောင်ပုံ အဆင့်ဆင့်များကို နားလည်းသိရှိကျင့်သုံးလာနိုင်ခြင်း
HRနှင့် သက်ဆိုင်သော Formများ၊ စာများနှင့် ဝန်ထမ်းလက်စွဲစာအုပ် (Employee Handbook) များရေးဆွဲပြီးစီးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။
ဒါ့အပြင််
ကျွန်မတို့ရဲ့ Consultantများနှင့်အတူ HRလုပ်ငန်းစဉ်များကို ၃လအချိန်ကြာ တည်ဆောက်သွားကြမှာဖြစ်တဲ့အတွက်ကြောင့် လူကြီးမင်းတို့အနေနဲ့ မိမိရဲ့ HRစီမံခန့်ခွဲ အုပ်ချုပ်မှုများကို ယုံကြည်မှုရှိရှိနဲ့ တသမတ်တည်း ထိန်းသိမ်းလာနိုင်မှာဖြစ်ပြီး မိမိလုပ်ငန်းရဲ့ ဝင်ငွေနှင့်စျေးကွက်တိုးချဲ့မှုအပိုင်းကို စိတ်ချစွာနဲ့ အာရုံစိုက်လာနိုင်မှာ ဖြစ်ပါတယ်။ မိမိရဲ့ကိုယ်ပိုင်အချိန်လည်း ပိုရရှိလာမှာဖြစ်ပြီး စီးပွါးရေးတိုးတက်မှုအတွက် ဆက်လက်လုပ်ဆောင်ရမယ့်အရာတွေကို လွတ်လပ်စွာနဲ့ ရွေးချယ်လာ နိုင်မှာပဲဖြစ်ပါတယ်။
enroll now
HR Blueprint Program
Price & Package
You can also choose
services that are tailored
to your needs or your
company
As Seen In
Gold Package
800,000 MMK Per Month
Program Duration 3 Months
Feature
Professional Package
Bronze Package
550,000 MMK Per Month
Program Duration 3 Months
Feature
Regular Package
Payment Options
Gold Packge
Program Duration 3 Months
pay in full
ENJOY 10% DISCOUNT!
6 months Access to All instructional Videos, Forms & Templates
2,160,000 MMK
3 monthly payment
6 months Access to All instructional Videos, Forms & Templates
Payment shall be made between 22th and 30th of every month.
800,000 MMK Permonth
Bronze Package
Program Duration 3 Months
pay in full
ENJOY 10% DISCOUNT!
4 months Access to All instructional Videos, Forms & Templates
1,485,000 MMK
3 monthly payment
4 months Access to All instructional Videos, Forms & Templates
Payment shall be made between 22th and 30th of every month.
550,000 MMK Permonth
enroll now
ဘာကြောင့် HR Blueprint Programကို ရွေးချယ်သင့်သလဲ?
ယနေ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းများတွင် HR က အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်တယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။
Panellist Business Services၏ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု၊ အဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်တွင်းရှိ Aviation, Retail, Hotel & Tourism, Manufacturing, Media, Professional Services, Telecommunications, Joint Ventures, Social Enterprise, Healthcare, Start-Ups, Automotive စတဲ့ စီးပွားရေး လုပ်ငန်း အမျိုးမျိုးအား ၀န်ဆောင်မှုပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ HR အတွေ့အကြုံ 14နှစ်ရှိသောာ HR ကျွမ်းကျင်ပညာရှင်များ၏ လုပ်ငန်းခွင်အတွေ့အကြုံနှင့် လေ့လာမှုဗဟုသုတတို့ကိုပေါင်းစပ်၍ ကုမ္ပဏီမျာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဖန်တီးထားခြင်း ဖြစ်တဲ့အတွက်ကြောင့် လူကြီးမင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမည်ဟု ယုံကြည်ပါတယ်။
ထိရောက်သော ခေတ်မီနည်းပညာများကို အသုံးပြုခြင်းဖြင့် Panellist Business Services၏ အရည်အချင်းပြည့်ဝသော HR ကျွမ်းကျင် ပညာရှင်များက လူကြီးမင်းတို့၏ ၀န်ထမ်းရေးရာ စီမံခန့်ခွဲမှု များတွင် ကြီးမားတဲ့ အကျိုးသက်ရောက်မှုများဖြစ်စေတဲ့ လုပ်ထုံးလုပ်နည်းများကို ပံ့ပိုးပေးပါတယ်။
Jobnet ကဦးစီးပြီး ကျင်းပခဲ့တဲ့ Myanmar Employer Award 2018 ဆုပေးပွဲကြီးမှာ Panellist Business Services အနေနဲ့ Best Learning and Development, Best Internal Marketing for Company Pride, Best Use of Rewards and Recognition, Best Recruitment Strategy for Talent Attraction, Most Innovative Use of Technology နဲ့ SME of the Year တို့မှာ Finalist စာရင်း ဝင်ခဲ့ပြီး Best Use of Rewards and Recognition - Silver Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Myanmar Employer Award 2020 မှာလည်း Panellist Business Services ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Baydar & Co အတွက် SME Of The Year Award- Silver Award နဲ့ Most Effective Recruitment Strategy for Talent Attractions- Bronze Winner တို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ လက်တွေ့ကျင့်သုံးနေသော HR အလေ့အကျင့် ကောင်းများ အတွက် တရားဝင် အသိအမှတ်ပြုခြင်းကိုခံရတဲ့ ရလဒ်များဖြစ်ပါတယ်။
As Seen In
HR Journal
Oversea Partners များဖြစ်တဲ့ HRmatter21 နဲ့ Training Vision Institute - TVI တို့နဲ့ လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။
အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေမှာ ဘာကြောင့်
HRM (၀န်ထမ်းရေးရာစီမံခန့်ခွဲမှု) ကို လိုအပ်လာပါသလဲ?
ကုမ္ပဏီထဲမှာ ထိရောက်တဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းသာမရှိခဲ့ရင် ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုစွမ်းရည်စိစစ်တာတွေ၊ဝန်ထမ်းကောင်းတွေမထွက်အောင် ထိန်းသိမ်းရမယ့်လုပ်ဆောင်မှုမျိုးတွေ၊ ဒါတွေအပြင် ဝန်ထမ်းတွေရဲ့ တိုးတက်မှုနဲ့ရာထူး အခွင့်အရေး စတဲ့ ကဏ္ဍတွေရှိလာမှာ မဟုတ်ပါဘူး။ လုပ်ငန်းရှင်အနေနဲ့ ကုမ္ပဏီရဲ့ သတ်မှတ်ထားတဲ့ စီးပွါးရေးဦးတည်ချက်ကို ရောက်ရှိလာဖို့အတွက် ရုန်းကန်ကြရပါတယ်။ ထိရောက်တဲ့ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းက မရှိမဖြစ်လိုအပ်လာပါပြီ။
ဘာ့ကြောင့် HR ဟာ အရေးကြီးပြီး လိုအပ်လာရသလဲဆိုတာကို အသေးစား နဲ့ အလတ်စား ကုမ္ပဏီတွေအတွက် စစ်တမ်းပြုစုထားတဲ့ စာရင်းတွေကို လေ့လာကြည့်ရအောင်....
အလုပ်လာလျှောက်သူတွေကိုအလုပ်စလျှောက်တဲ့ အချိန် ကစပြီး အလုပ်စဆင်း တဲ့ အချိန်အထိ သေချာ ဂရုစိုက်ပြီး အလုပ်လျှောက် သူတွေအတွက်အတွေ့ အကြုံကောင်းတစ်ခုကို ဖန်တီးပေးနိုင်တဲ့ ကုမ္ပဏီဟာ ဝန်ထမ်းကောင်းရရှိဖို့အတွက် ၇၀% အထိ သေချာ ပါတယ်။
ဝန်ထမ်း ၈၀%လောက်က လစာတိုးတာထက် ခံစားမှုအသစ်တွေ ဒါမှမဟုတ် ထပ်ဆောင်းခံစားခွင့်တွေကို ပိုပြီး ရချင်ကြပါတယ်။
၇၅%ဝန်ထမ်းတွေက သူတို့ ရဲ့ အလုပ်ခွင် ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို ဂရုတစိုက် နားထောင်ပေးပြီး ဖြေရှင်း ပေးတဲ့အလေ့အကျင့်မျိုးရှိတဲ့ ကုမ္ပဏီတွေမှာ ပိုမို ကြာရှည်စွာ အလုပ်လုပ်လေ့ ရှိပါတယ်။
ဝန်ထမ်းအချင်းချင်း ထိတွေဆက်ဆံမှုနည်းတဲ့ ဝန်ထမ်းက အဖွဲ့ဝင် အားလုံးနဲ့ထိတွေ့ဆက်ဆံမှုများတဲ့ဝန်ထမ်းထက် အလုပ်အသစ်ရှာဖို့ ဖြစ်နိုင်ချေ
၂ဆ ရှိပါတယ်။
အသက် ၃၀-၄၅ ကြား ဝန်ထမ်းတွေရဲ့ ၇၁% လောက်က အထက်လူကြီးရဲ့ အုပ်ချုပ်မှုစွမ်းရည်ကို မနှစ်သက်တဲ့အတွက်ကြောင့် ကုမ္ပဏီကို စွန့်ခွာလေ့ ရှိပါတယ်။
ဒီစစ်တမ်းတွေအပြင် ဝန်ထမ်းရေးရာ စစ်တမ်းစာရင်းပေါင်းများစွာက အသေးစား၊ အလတ်စားကုမ္ပဏီမှစလို့ လုပ်ငန်းစုကုမ္ပဏီကြီးတွေအထိ HRဟာ မရှိမဖြစ်လိုအပ်ပြီး အင်မတန်အရေးကြီးတယ်ဆိုတာကို သက်သေပြပါတယ်။
ဒါဆိုရင် လူကြီးမင်းအနေနဲ့ "ငါ့မှာလုပ်ရမှာတွေအများကြီးပါလား၊ ဒါတွေအားလုံးလုပ်ဖို့ ငါ့မှာအချိန်မှမရှိတာ" ဆိုတဲ့ အတွေးတွေ တွေးနေပြီလို့ထင်ပါတယ်။ မပူပါနဲ့!
လူကြီးမင်းရဲ့ အချိန်အနည်းငယ်ပေးရုံနဲ့ အရေးကြီးတဲ့ HR ကဏ္ဍတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း လွယ်ကူစွာ လက်တွေ့လုပ်ဆောင်နိုင်ဖို့အတွက် HR Blueprint Programကို နည်းစနစ်ကျနစွာ ပြင်ဆင်ပေးထားပါတယ်။
enroll now
ဒီဝန်ဆောင်မှုက ဘယ်သူတွေအတွက် အများဆုံး ကိုက်ညီသလဲဆိုရင်တော့...
04
02
03
01
အနည်းဆုံး ကုန်ကျစရိတ်နဲ့ ထိရောက်ပြီး ရလဒ်ကောင်းတဲ့ HR စနစ်ကို တည်ဆောက်လိုတဲ့ ကုမ္ပဏီများ
အတွေ့အကြုံရှိတဲ့ HR Manager ကို ငှားရမ်းဖို့ အဆင်သင့်မဖြစ်သေးတဲ့ ကုမ္ပဏီများ
HR ရဲ့ လုပ်ငန်းတာဝန်တွေကို ကုမ္ပဏီရဲ့ပိုင်ရှင် (သို့ ) HR နယ်ပယ်က မဟုတ်တဲ့ ဝန်ထမ်းက HRကိုစီမံခန့်ခွဲနေပြီး HR လုပ်ငန်းတွေကို မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုင်တွယ်လုပ်ဆောင်ဖို့ အကြံဥာဏ်တွေ၊ လမ်းညွန်ချက်တွေ လိုအပ်နေတဲ့ ကုမ္ပဏီတွေအတွက် အကိုက်ညီဆုံးဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။
HR ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပြီး လက်တွေ့ကျတဲ့ မဟာဗျူဟာနဲ့ နည်းလမ်း ကောင်းတွေကို ရှာဖွေနေတဲ့ ကုမ္ပဏီများ
ဒီဝန်ဆောင်မှုက ဘယ်သူတွေအတွက် မကိုက်ညီသလဲဆိုရင်တော့...
စနစ်ကျတဲ့ HR ဌာနရှိပြီးတော့ HR မဟာဗျူဟာအဆင့်ကို မြှင့်တင်ဖို့ လိုအပ်နေတဲ့ ကုမ္ပဏီများ၊
မည်သည့် HR ပရော်ဖက်ရှင်နယ်ကိုမှအလုပ်ခန့်ရန်အဆင်သင့်မဖြစ်သေးဘဲ လုပ်ငန်းရှင် ကိုယ်တိုင်လည်း HRကိုကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲရှိနေပြီး အချိန်လုံးဝမပေးနိုင်သော ကုမ္ပဏီတွေနဲ့ မကိုက်ညီပါဘူး။
အထက်ဖော်ပြပါ အချက်များအတွက် ကျွန်မတို့ရဲ့ HR Outsourcing နဲ့ HR Consulting Service များရှိပါတယ်။ ဝန်ဆောင်မှူ အသေးစိတ်ကို ၀၉ ၇၉၇၀၂၃၁၃၃ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ပြီးပြည့်စုံတဲ့ HR Blueprint Program
HR Form များ၊ စာများ၊ Checklistများ
အပတ်စဉ် Zoom မှ လမ်းညွှန်မှုများပေးခြင်း
လမ်းညွှန် Videoများ
HR မူဝါဒများ
တိုးတက်မှုအခြေအနေ တိုင်ပင်ဆွေးနွေးသော အပတ်စဉ် Meetingများ
မကြာခဏမေးသောမေးခွန်းများ (FAQs )
1
ဝန်ဆောင်မှုတွေကို ဘယ်လိုရရှိမှာလဲ?
လက်တွေ့ကျတဲ့ HRစီမံခန့်ခွဲပုံတွေကို Consultant များက Zoom ကနေ တစ်ပတ်တစ်ကြိမ်လမ်းညွှန်ပြသပေးမှာဖြစ်ပါတယ်။ လမ်းညွှန် Videoများကို Panellist Business Services ရဲ့Learning Platform မှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ရန် အပတ်စဉ် စီစဉ်ပေးထားမှာဖြစ်ပါတယ်။ ဝယ်ယူတဲ့ သူတိုင်း HRစီမံခန့်ခွဲမှု လမ်းညွှန်ချက်တွေကို အချိန်မရွေးပြန်လည်ကြည့်ရှုနိုင်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာလည်း Consultant များမှ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။
2
HR နဲ့ ပတ်သက်တဲ့ Form & Template တွေက မြန်မာဘာသာတစ်မျိုးထဲနဲ့ ရေးထားတာလား။
HR နဲ့ ပတ်သက်တဲ့ Form & Template တွေကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် Download ရယူနိုင်ပါတယ်။
3
၀န်ဆောင်မှု ၀ယ်ယူတဲ့သူအနေနဲ့ HR နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို မေးချင်ရင် ဘယ်လိုဆက်သွယ်ရမလဲ။
၀န်ဆောင်မှု ၀ယ်ယူတဲ့ Client တိုင်းအတွက် HR နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ရန် အရည်အချင်းပြည့်ဝတဲ့ ကျွမ်းကျင် HR consultant တွေရဲ့ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကို သတ်မှတ် စီစဥ်ပေးထားပါတယ်။
4
၀န်ဆောင်မှု ၀ယ်ယူတဲ့သူအနေနဲ့ HR နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို မေးချင်ရင် ဘယ်အချိန်မှာ ဆက်သွယ်ရမလဲ။
၀န်ဆောင်မှု ၀ယ်ယူထားတဲ့ ကာလအတွင်း အပတ်စဥ် တနင်္လာနေ့ မှ သောကြာနေ့ အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
5
လမ်းညွှန်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖတ်ရှုပြီး နားလည်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲရှိခဲ့ရင် ဘယ်လိုလုပ်ရမလဲ။
HR Blueprint Program အသုံးပြုပြီး လမ်းညွှန်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သိရှိပြီးနောက် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲရှိခဲ့ရင် ကုမ္ပဏီရဲ့ HR (သို့) HR တာ၀န်ယူထားတဲ့ သက်ဆိုင်ရာ ၀န်ထမ်းကို ဖုန်း (သို့) အီးမေးလ်ကနေတဆင့် လွယ်ကူတဲ့ နည်းလမ်းတွေ ညွှန်ကြားပေးသွားမှာ ဖြစ်ပါတယ်။
6
ဘယ်အချိန်ကစပြီး ၀န်ဆောင်မှုကို အသုံးပြုခွင့်ရနိုင်မလဲ။
၀န်ဆောင်မှုကို ၀ယ်ယူပြီးကြောင်း နှစ်ဦးနှစ်ဖက်သဘောတူညီမှုစာချုပ်ချုပ်ဆိုပြီးနောက် ငွေပေးချေမှုအပြီးတွင် စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
7
Gold Package မှာ တချို့သော ၀န်ဆောင်မှုတွေကို မယူရင် ၀န်ဆောင်ခ အပြောင်းအလဲရှိနိုင်မလား။
၀န်ဆောင်ခ အပြောင်းအလဲ မရှိပါ။ လိုအပ်တဲ့ အခြား၀န်ဆောင်မှုအား နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူညီမှုဖြင့် ရယူနိုင်ပါတယ်။
8
Zoom Meeting က Package အလိုက် သတ်မှတ်ထားတဲ့ အချိန်နဲ့ မလောက်ရင် ဘယ်လိုလုပ်ရမလဲ။
လမ်းညွှန်ချက်တွေ နဲ့ လုပ်ထုံးလုပ်နည်းတွေက အများဆုံ၂ နာရီ အထိပဲ ကြာတတ်ပါတယ်။ အာရုံစူးစိုက်မှုရှိပြီး ထိရောက်မှုရှိဖို့အတွက်ကို ကျွန်မတို့ အလေးထားပြင်ဆင်လေ့ရှိပါတယ်။ Clientများဘက်မှလည်း ဆွေးနွေးမယ့် အကြောင်းအရာတွေကို လေ့လာထားပြီး မေးမြန်းလိုတဲ့ မေးခွန်းတွေကို ပြင်ဆင်ထားခြင်းဖြင့် ပိုမိုထိရောက်နိုင်ပါတယ်။
9
Gold Packageဝယ်ယူသူအနေနဲ့ Zoom Meeting ကို အချိန်သတ်မှတ် ချိန်းဆိုပြီးမှ ပယ်ဖျက်ရင် Cancellation Fee ပေးဖို့ လိုပါသလား။
Cancellation Fee ပေးဖို့တော့ မလိုပါဘူး။ Zoom Meetingအတွက် Appointment ကို အနည်းဆုံး ၃ ရက် ကြိုတင်၍ ချိန်းဆိုပေးပါရန်နှင့် Last Minute Cancellation (အနီးကပ်အချိန်တွင် ပယ်ဖျက်ခြင်း) မလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ အကယ်၍ ချိန်းဆိုမှုအား ပယ်ဖျက်ပြီးပါက ချိန်းဆိုမှုအသစ်အားနှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် ထပ်မံပြုလုပ်နိုင်ပါတယ်။
10
Bronze Packageဝယ်ယူသူအနေနဲ့ Zoom Meetingကို ပျက်ကွက်ခဲ့ရင် Cancellation Fee ပေးဖို့ လိုပါသလား။
Cancellation Fee ပေးဖို့တော့ မလိုပါဘူး။ မပျက်ကွက်ဖို့ မေတ္တာ ရပ်ခံပါတယ်။ Zoomဖြင့်ပြုလုပ်သွားသော Discussion များကို ပြန်လည်လေ့လာနိုင်ရန် Panellist Business Servicesရဲ့ Online Learning Platform မှာ Upload လုပ်ပေးထားပါတယ်။
11
Zoom Meeting တွင် ကုမ္ပဏီတစ်ခုမှ ဘယ်နှစ်ယောက် ပါဝင်ဆွေးနွေးလို့ရပါသလဲ။
ပိုမိုထိရောက်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုရလဒ်များရရှိရန် ကုမ္ပဏီတစ်ခုလျှင် အများဆုံး (3)ယောက်အထိ ပါ၀င်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
12
ဝန်ဆောင်မှုကို ဘယ်နှစ်လ အသုံးပြုဖို့လိုအပ်ပါသလဲ။
Programရဲ့ Timelineက ၃လဖြစ်ပါတယ်။ Consultant များရဲ့ အပတ်စဉ် ညွှန်ကြားပြသမှုများနှင့် အပတ်စဉ် Zoom Meeting များကို ၃လတိတိရရှိမှာဖြစ်ပါတယ်။ ၃လပြီးဆုံးသွားလျှင် Gold Package ဝယ်ယူထားသူများအနေနဲ့ Videoများ၊ Formများနှင့် Documentများကို နောက်ထက် ၃လ Accessရရှိမှာဖြစ်ပါတယ်။ Bronze Package ဝယ်ယူထားသူများအနေနဲ့ Videoများ၊ Formများနှင့် Documentများကို နောက်ထက် 1လ Accessရရှိမှာဖြစ်ပါတယ်။
HRပြောင်းလဲတိုးတက်လာဖို့အတွက် အနည်းဆုံးအချိန် ၃လမှ ၆လထိ ပေးရနိုင်ပါတယ်။
13
HR Blueprint Program ကို အနည်းဆုံး ၃ လ မှ ၆ လ အထိ အသုံးပြုပြီးနောက် ကုမ္ပဏီရဲ့HR တိုးတက်လာနိုင်လား။
စနစ်တကျ ပြဋ္ဌာန်းလမ်းညွှန်ချက်များ နဲ့ လုပ်ထုံးလုပ်နည်းတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်မယ်ဆိုရင် ၃ လ မှ ၆ လ အတွင်း ပြောင်းလဲမှုရလဒ်ကို မြင်တွေ့ရမှာပါ။ ကုမ္ပဏီရဲ့ လက်ရှိလုပ်ငန်းအခြေအနေ၊ ပြောင်းလဲမှုအတွက် အားစိုက်ထုတ်မှု Levelနှင့် ပြင်ပစီးပွါးရေးအခြေအနေကလည်း ရလဒ်အပေါ်မှာသက်ရောက်မှုရှိပါတယ်။
14
၀န်ဆောင်မှုကို ဘယ်လို ၀ယ်ယူရမလဲ။
Registration Form ကို ဖြည့်စွက်ပို့ပေးပြီးနောက် ၀န်ဆောင်မှုအတွက် နှစ်ဦးနှစ်ဖက်သဘောတူညီမှုစာချုပ် ချုပ်ဆိုရန်နှင့် ငွေပေးချေရန် အတွက် Panellist Business Services မှ ဆက်သွယ်ပေးပါမယ်။
15
၀န်ဆောင်မှုအတွက် ဘယ်လို ငွေပေးချေရမလဲ။
ဘဏ်ချက်လက်မှတ်၊ ဘဏ်မှ ငွေလွှဲခြင်း၊ mobile banking နှင့် ငွေသား တို့ဖြင့် ပေးချေနိုင်ပါတယ်။
HR Form များ၊ စာများ၊ Checklistများ
ဝန်ထမ်းတွေ အလုပ်ကို စိတ်အားထက်သန်စွာနဲ့ မနက်တိုင်း ရောက်ရှိလာဖို့၊ အလုပ်ခွင်က လုံခြုံမှုရှိတယ်လို့ ခံစားရစေဖို့၊ ရည်မှန်းထားတဲ့ ရလဒ်တွေယူဆောင်လာပေးတဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ဖို့၊ အလုပ်ကတဆင့် ဝန်ထမ်းတွေကို ပျော်ရွှင်မှုပေးနိုင်ပြီး အလုပ်ရှင်နဲ့အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ဖို့ စတဲ့အချက်တွေအပြင် Employer Branding ကောင်းပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်တိုးတက်တဲ့ ကုမ္ပဏီဖြစ်ဖို့အတွက်....
လမ်းညွှန် Videoများ
HR မူဝါဒများ
တိုးတက်မှုအခြေအနေ တိုင်ပင်ဆွေးနွေးသော အပတ်စဉ် Meetingများ
အခုပဲ ဝယ်ယူလိုက်ပါ!
ဝယ်ယူဖို့ စာရင်းပေးသွင်းရန်အတွက် Registration Form ကို ဖြည့်စွက်ပြီး အချက်အလက်များပို့ပေးပါ။ ကျွန်မတို့ရဲ့ Teamမှ တနင်္လာ - သောကြာ၊ မနက် ၉နာရီမှ ညနေ၅နာရီအတွင်း ပြန်လည်ဆက်သွယ်ပါမည်။
Contact Us:
+95 9 797023133, +95 9 765685899
info@panellistmm.com
www.panellistmm.com
Follow us On:
Copyright 2022 Panellist Business Services. All rights reserved.
Panellist Business Services
No.104, 38th Street (Lower Block), Kyauktada Township, Yangon, Myanmar, +95 9 797023133, +95 9 765685899